CSS Introduction
March 26, 2010 at 7:24 am | Posted in CSS Basic By Examples | Leave a commentHtml code တွေနဲ့ဘဲ web site တွေကိုတည်ဆေက်ရမယ်ဆို code တွေရှုပ်ပွပြီးတော့ သိပ်မလှပတဲ့ site တွေဘဲ ထွက်ပါလိမ့်မယ်။ css ကို သုံးခြင်းဖြင့်ဒါတွေကိုပြုပြင်နိုင်ပါတယ်။
ကျွန်တော်တို့ css ကိုသုံးပြီး html tag တွေကို modify လုပ်လို့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ css style တစ်ခုကိုတစ်ခါရေးပြီးတာနဲ့ ဒါကို အမြဲခေါ်သုံးလို့ရပါတယ်။ ဥပမာအားဖြင့် သင်က html headign tag h1 ကို css သုံးပြီး h1 ကို အပြာရောင်ထားမယ်။ နောက်အလယ်မှာပေါ်မယ်လို့ css နဲ့ တစ်ခါပြုပြင်လိုက်တာနဲ့ h1 ကိုသုံးလိုက်တာနဲ့ အဲဒီအချက်တွေက သုံးတိုင်းပါလာမှာပါ။ ထပ်ပြုပြင်စရာမလိုတော့ပါဘူး။ နောက်ပြီး h1 ကို ကျွန်တော်တို့ အနီပြောင်းချင်တယ်ဆိုရင်လည်းတစ်နေရာထဲမှာပြင်လိုက်ရုံနဲ့ ရပါတယ် site တစ်ခုလုံးမှာရှိတဲ့ h1 tag တွေကို ကုန်လိုက်ပြင်စရာမလိုတော့ဘူး။ ဒါဟာ site ကိုပြင်တဲ့နေရာမှာ လွယ်ကူစေပါတယ်။ အဲဒီလိုဘဲ အခြား html tag တွေအားလုံးကိုလည်း ပြုပြင်နိုင်ပါတယ်။ html ကတော့တစ်ခါသုံးတစ်ခါရေးနေရတော့ code တွေကိုများပြားရှုပ်ပွစေပါတယ်။
ကျွန်တော်အရင်ဆုံး css ကို html နဲ့ပေါင်းစပ်တဲ့ နည်းလမ်း 3 မျိုးကို ဖေါ်ပြလိုပါတယ်။
1. Embedded Style
<html>
<head>
<title>Embedded Style</title>
<style type="text/css">
h1 {
font: Arial, Helvetica, sans-serif;
color: #00CC00;
}
</style>
</head>
<body>
<h1>Heading h1 modify with css</h1>
</body>
</html>
ဒီ example မှာ css style ကို html ဖိုင်ထဲမှာပဲ ရေးထားတာတွေ့မှာပါ။
2.External Style Sheet
<html> <head> <title>External Style Sheet</title> <link href="style.css" rel="stylesheet" type="text/css" /> </head> <body> <h1>Heading h1 modify with css</h1> </body> </html>
ဒီ code တွေကို notepad မှာရိုက်ပြီး html extension နဲ့ သိမ်းလိုက်ပါ။ ပြီးရင်တော့ notepad အသစ်ထပ်ယူလိုက်ပါ။ ပြီးရင်အောက်က css code တွေကိုရိုက်ပြီး style.css အမည်နဲ့သိမ်းလိုက်ပါ။
h1 {
font: Arial, Helvetica, sans-serif;
color: #00CC00;
}
ကျွန်တော်တို့ css file ကို ဒီ html ဖိုင်နဲ့ folder တစ်ခုထဲမှာ ထားပြီး save ရပါမယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ html ဖိုင်ဟာ style.css ဖိုင်က css properties တွေကိုယူသုံးပြီးသားဖြစ် သွားပါပြီ။
external css file ကို link ချိတ်တဲ့နေရာမှာ အောက်ပါအတိုင်းလည်း ချိတ်ဆက်အသုံးပြု နိုင်ပါတယ်။
<style type="text/css">
@import url("styles.css");
</style>
3.Inline Style Rule
<html> <head> <title>Inline Style</title> </head> <body> <h1 style="font: Arial, Helvetica, sans-serif; color: #00CC00;">Heading h1 modify with css</h1> </body> </html>
CSS Structure
css ရဲ့ syntax မှာအပိုင်း ၃ ပိုင်းပါပါတယ်။ selector, property, value တို့ဖြစ်ပါတယ်။
h1
{
color: blue;
}
ဒီ example မှာ h1 က selector ပါ။ color ကတော့ property ပေါ့။ blue ကတော့ value ပါ။ selector ကိုရေးပြီးတာနဲ့ property နဲ့ value ကို တွန့်ကွင်းထဲမှာထားပြီးရေးရပါမယ်။ property နဲ့ value ကြားမှာတော့ full colon ခံပြီးမှ value ကို ထည့်ရပါမယ်။ value အားလုံးထည့်ပြီးရင်တော့ semicolon နဲ့ အဆုံးသတ်ရပါမယ်။ ပြီးတော့ value ကို နှစ်ခုသုံးခု ထည့်မယ်ဆိုရင်တော့ တစ်ခုနဲ့တစ်ခုကြားမှာ comma ခံရေးရပါတယ်။ property ကိုလည်း အများကြီး ထည့်နိုင်ပါတယ်။ property တစ်ခုပြီးလို့ semicolon နဲ့ အဆုံးသတ်ပြီးတာနဲ့ နောက်တစ်ခုကို ဆက်ရေးနိုင် ပါတယ်။ အောက်မှာ နမူနာပြထားပါတယ်။
h1
{
color: blue;
font-family: Arial;
}
Leave a Comment »
RSS feed for comments on this post. TrackBack URI
Leave a Reply
Blog at WordPress.com. | Theme: Pool by Borja Fernandez.
Entries and comments feeds.